Aug 8, 2009

မမျှော်လင့်ခြင်း

မမျှော်လင့်တဲ့ ဒဏ်ရာတစ်ခုကတော့ ရောက်လာပြီပဲ။ ငါ ငိုနေတယ် ကောင်မလေးရယ်။ မမျှော်လင့်ဘဲ နောက်ကျခဲ့တဲ့ ငါ့အချစ်တွေ နင့်အတွက် အပိုတွေများ ဖြစ်နေပြီလားဟင်။ လှိုင်းမတက်တဲ့ ရေပြင်လေးကို ထိန်းချုပ်ထားတဲ့ ငါ့နှလုံးသားက မင်းနဲ့တွေ့မှပဲ မုန်တိုင်းများနဲ့ ကြမ်းတမ်းလာခဲ့ပြီနော်။ အဲဒါကို သိခဲ့ရဲ့လား ချစ်သူရယ်။ နောက်ကျသွားခဲ့တဲ့ ငါ့အချစ်တွေ မပြောဖို့ ငါဆုံးဖြတ်ချက် ချလိုက်ပါပြီ။ အရင်တုန်းက အမြဲတမ်း အားကိုးခဲ့တဲ့ ကိုယ့်ရဲ့ဦးနှောက်ကြီးကိုလဲ မုန်းတီးပစ်လိုက်ချင်နေပြီကွာ။ နောက်ကျခြင်းဆိုတဲ့အရာကို ရယ်စရာမောစရာအဖြစ်နဲ့ အစတုန်းက ထင်ခဲ့ပေမယ့် အခုတော့ လက်တွေ့မှာ ခံစားရခက်နေတယ်ကွာ။ ပိုင်ဆိုင်လို့ မရတော့တဲ့အချစ်တစ်ခုကို ငါသိနေရဲ့နဲ့ ဘာလို့များ ကိုယ့်ဘာကိုယ် မျှော်လင့်ခြင်းတွေ ပေးမိနေလဲ မသိဘူးနော်။ ဆုံးရှုံးခြင်းနဲ့ မျှော်လင့်ခြင်းတွေကို တပြိုက်နက်တည်း ခံစားခဲ့ရတဲ့ ငါ့နှလုံးသား အရမ်းနာကျင်နေပါပြီကွာ။ ခံစားရခက်လွန်းလို့ပါကွာ။ ရူးသွပ်နေတဲ့ နှလုံးသားကို လွတ်မြောက်သွားအောင် ချိုမြိန်သော အဆိပ်တစ်ခွက်တော့ ပေးခဲ့ပါလား ချစ်သူရယ်။

4 comments:

Shwe Yee Phyo said...

ရင်တွင်းဖြစ် ခံစားချက်စစ်စစ်တွေပေါ့နော်..။
မပိုင်ဆိုင်ရရင်လည်း၊ တန်ပြန်မေတ္တာမရရင်လည်း ကိုယ့်ဘက်က ကိုယ့်ကို မထိခိုက်စေတဲ့ အချစ်မျိုးနဲ့ ဆက်ချစ်ပါလို့ အကြံပြုချင်ပါတယ်။ နှစ်ဦးနှစ်ဖက် ကောင်းတာပေါ့နော်... ။ :D

Anonymous said...

အရမ်းခံစားနေရတဲ့ပုံပဲနော်..
ခံစားချက်အသစ်တစ်ခုအနေနဲ့ တစ်ခါတစ်ရံမှာ ခံစားတာ ကောင်းပေမဲ့ အဲဒီခံစားချက်ထဲမှာ အရာရာကို နှစ်မြုပ်လိုက်ဖို့တော့ မကောင်းဘူး ထင်ပါတယ်..

အလင်္ကာ said...

ကိုလူသားရယ် .. ... ... ... ... ... ... ... ... ...

Khin Thiri Min said...

hello U Lu Thar.... :P
post တွေလာဖတ်သွားပါတယ်.... ....... အချစ်မှာမျှော်လင့်ခြင်းဆိုတာ ရှိပါတတ်ပါတယ်... ပြီးတော့ချစ်တတ်သွားရင်လည်း ဆုံးရှုံးတယ်လို့ခံစားရတာလျော့သွားပါလိမ့်မယ်...ဘာလို့လဲဆိုတော့ ချစ်ခြင်းမှာနီးခြင်းဝေးခြင်း၊ ပိုင်ဆိုင်ခြင်း မပိုင်ဆိုင်ရခြင်းထက် ချစ်နေဖို့သာအဓိကပါ... အဲ... အဲ့ဒီအချစ်ကလည်း ဘယ်သူ့ကိုမှမထိခိုက်ရင်တော့ ပိုကောင်းတာပေါ့နော်.... :)